၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်
၁။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် မြန်မာနိုင်ငံငလျင် ကော်မတီ အနေဖြင့် ငလျင်ဒဏ် ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် အတွက် စိတ်ပါဝင်စားပြီး လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ဖိတ်ခေါ်ပြီး Earthquake Clinic များကို နေပြည်တော်၊ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း စသည့် မြို့ကြီး များတွင် ဧပြီလ ၉ ရက်နေ့မှ စတင်၍ ဖွဲ့စည်းလျက်ရှိပါသည်။
၂။ Earthquake Clinic များကို ငလျင်အပြီး အဆောက်အအုံများ၏ အသုံးပြုနိုင်မှု အခြေအနေအား အကဲဖြတ်ခြင်း နှင့် ပြန်လည်အသုံးပြုနိုင်မည့် အဆောက်အအုံများကို အလျင်အမြန် ပြန်လည်အသုံးပြုနိုင်ရန် စိစစ်ပေးခြင်း၊ အရေးပေါ်တုန့်ပြန်ခြင်း လုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး လိုအပ်ချက်များကို တနေရာတည်းစုစည်း၍ အထောက်အပံ့များ ပေးနိုင်ရန် ရည်ရွယ်ပါသည်။
၃။ Earthquake Clinic သည် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာလုပ်ငန်းများ၊ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများ၊စိတ်ဖိစီးမှုဖြေသိမ့်ပညာပေးလုပ်ငန်းများ၊ အမွေအနှစ် အဆောက်အအုံများထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အစရှိသည့် နယ်ပယ် ပေါင်းစုံပါဝင်သည့် အများအသုံးပြုနိုင်သည့် Open Platform တစ်ခုအဖြစ် ချိတ်ဆက် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါသည်။ ထိုသို့ အတူတကွ လုပ်ငန်းစုံ ပူးပေါင်းဆောင်ရွက်စေနိုင်မည့် ကွန်ရက်တစ်ခု တည်ထောင်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများကို အစီအစဉ်များချမှတ်၍ အချိန်တိုတိုနှင့် ပုံမှန် အခြေအနေ သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါသည်။
၄။ အဆောက်အအုံများအား ပြန်လည် အသုံးပြုနိုင်စွမ်း ဆန်းစစ်ခြင်းပြုလုပ်ပြီးသည်နှင့်တပြိုင်နက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ ကူညီပေးနိုင်ရန် လုပ်အားပေး အင်ဂျင်နီယာများမှ ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ ထို့အပြင် Earthquake Clinic များကို အခြားမြို့ကြီးများတွင်လည်း တိုးချဲ့ဖွင့်လှစ်ပြီး အရေးပေါ်တုန့်ပြန်ခြင်း လုပ်ငန်းများတွင် အကျိုးရှိစွာ အချိန်နှင့်တပြေးညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ချိတ်ဆက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၆။ ဆက်လက်ထုတ်ပြန်သည့် အသိပေးထုတ်ပြန်ချက်များတွင် logo တံဆိပ်အမှတ်အသားများ မပါဝင်တော့ဘဲ Earthquake Clinic ဟူသောာအမည်ဖြင့်သာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်လိပ်စာများ
Mandalay Earthquake Clinic Coordinator Team (MECL01)
၁။ မခင်သီတာသုန် 095035608
၂။ ကိုကျော်ဇင်ဟိန်း 092035867
၃။ ကိုညီညီဝင်းထွဋ် 09454678830
Mandalay Earthquake Clinic Coordinator Team (MECL02)
၁။ ဒေါက်တာလှမျိုးအောင် 09444002920
၂။ ကိုကောင်းထိုက်ဇော် 09402698132
၃။ ကိုကျော်စွာဝင်း 09779574472
၄။ မမွန်မွန်ကျော် 09402619494
Naypyitaw Earthquake Clinic Coordinator Team (NECL01)
၁။ ဦးမျိုးအောင် 095037150
၂။ ဦးဘငြိမ်း 095409670
၃။ ကိုဇော်လင်းနိုင် 0943150934
Sagaing Earthquake Clinic Coordinator Team (SECL01)
၁။ မအေးအေးကြွယ် 09402551555
၂။ ကိုအောင်ကြည်စိုး 092003572
၃။ ဦးထိန်ဝင်း 09977256302
၄။ ဒေါ်ဝင့်ဝင့်လင်း 09797954877
Yangon Earthquake Clinic Coordinator Team (YECL01)
၁။ ကိုစောပြည့်အောင် 09972115433
၂။ မစန်းစန်းသွင် 095156194
၃။ မစုစုလှိုင် 09696111420
၄။ ဒေါက်တာသက်မွန်စမ်း 09790883116
၅။ မအိအိဖြူ 09250055433
၆။ ကိုအောင်ဆင့်မြတ် 09978909634
၇။ မချောစုဝင်း 09785394814
၈။ ကိုဝေရာအောင် 09456672293

